Call free: +959420111902 +959254037027 +959777006449
Mon - Sat 9:30 AM - 5:00 PM

About

us

Environmental Compliance Consultancy - ENVCC

Environmental Compliance Consultancy Company Limited (EncvCC) is a one of the Third-Party Organizations in Myanmar and has been awarded the Third-Party License for Organization (EIA-CO(A)005/2024) under the Ministry of Natural Resources and Environmental Conservation (MoNREC) since 30-7-2024 to provide the technical capabilities and best practices to solve the challenges of risks and safety through local and international EIA guidelines, procedures, project related laws and regulation, and stakeholders’ satisfaction to deliver the right environmental solution. We are supervising to conduct the EIA, IEE, EMP, EMo and Due Diligence according to the Article 18 of Environmental Impact Assessment Procedure (2015) of Myanmar.

ကျွန်ုပ်တို့၏မျှော်မှန်းချက်

ကမ္ဘာမြေတွင် နေထိုင်ကြသည့် ကျွန်ုပ်တို့အပါအ၀င် လူသားအားလုံးသည် ကျန်းမာသန်စွမ်း၍ နှစ်လိုဖွယ်ကောင်းသော ပတ်ဝန်းကျင်ကို နှစ်သက်ကြသည့်အားလျော်စွာ- ရပ်ရွာပြည်သူလူထုများနှင့်အတူ ရေရှည်တည်တံ့ခိုင်မြဲ၍ စိမ်းလန်းစိုပြေသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းနှင့် တိုးတက်ဖွံ့ဖြိုးလာသော လူဦးရေနှင့် လူနေမှုစနစ်များမှ ၀န်းကျင်သက်ရောက်မှုများကို လျှော့ချခြင်းဖြင့် မိမိတို့ကိုယ်တိုင်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းစွာ ကာကွယ် စောင့်ရှောက်ထားသည့် သန့်ရှင်းကျန်းမာသည့် ပတ်၀န်းကျင်အား အကောင်အထည်ဖော် ဆောင်ရွက်သွားခြင်းဖြင့် လူ့အဖွဲ့အစည်းနှင့် စီးပွားရေးကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့၏ရည်မှန်းချက်

ကျွန်ုပ်တို့၏ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံများ၊ အတတ်ပညာဆိုင်ရာ ဗဟုသုတနှင့် လက်တွေ့ဆန်းစစ် လေ့လာချက်များအရ အောက်ဖော်ပြပါ ရည်မှန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

  •  ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝပတ်၀န်းကျင်ဆိုင်ရာထိန်းသိမ်းရေးနှင့် ရပ်ရွာလူထု ဘေးကင်းရေးအား အဓိကထား ကူညီဆောင်ရွက်ရန်၊
  • သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ် များတွင် ပြည်သူလူထုမှ ပူးပေါင်းပါ၀င်လာစေရေးနှင့် လူထု၏အသိပညာမြှင့်တင်ရေး လုပ်ငန်းများအား ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ကူညီဆောင်ရွက်ရန်၊
  • နိုင်ငံတော်နှင့် ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဥ်များမှ အကျိုးပြုစီမံကိန်းများအတွက် ခိုင်မာသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှု၀န်းကျင်ဆိုင်ရာ သက်ရောက်မှုများအား အကဲဖြတ်ရန်နှင့် လျော့ချနိုင်မည့် နည်းလမ်း များအား စီမံခန့်ခွဲရန်။

ကျွန်ုပ်တို့၏စံနှုန်းများမှာ

  • သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရာတွင် ယုံကြည်စိတ်ချရသော လွတ်လပ်သည့် တတိယအဖွဲ့အစည်းဖြစ်ခြင်း၊
  • အများပြည်သူနှင့် စီမံကိန်းဖော်ဆောင်သူများအတွက် တရားမျှတ၍ ထိရောက်သော အကျိုးကျေးဇူးများ ရရှိစေရန် စီမံကိန်းကွန်ယက်များနှင့် မိတ်ဖက်ယုံကြည်မှုကို တည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအား အတူတစ်ကွဆောင်ရွက်ရန်နှင့် သက်ရောက်မှုများဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကျွန်ုပ်တို့၏ အတတ်ပညာ အရင်းအမြစ်များနှင့် ခိုင်မာသည့် သတင်းအချက်အလက်များအား အခြေခံသည့် ပွင့်လင်းရိုးသားမှု စွမ်းအင်ဖြင့် စီမံခန့်ခွဲ့သည့် ၀န်ဆောင်မှုပေးခြင်း၊
  • စိန်ခေါ်မှုများနှင့် ၀န်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန် အပြုသဘောဆောင်သည့် နည်းလမ်း အသစ်များအား လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲခြင်း၊ သင်ယူခြင်းနှင့် စဉ်ဆက်မပြတ်ကြိုးစားခြင်း၊

ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ

  • ဒေသတွင်းထုတ်ပြန်ထားရှိသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှု၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကောင်းမွန်သောအလေ့အကျင့်များနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်။
  • စီမံကိန်းဆိုင်ရာ ဆန်းစစ်လေ့လာခြင်း၊ အကဲဖြတ်ခြင်း၊ လျှော့ချခြင်းနှင့် စောင့်ကြည့်ခြင်းအားဖြင့် သဘာ၀ အရင်းမြစ်များနှင့် ပြည်သူများအား ထိခိုက်သက်ရောက်မှု အနည်းဆုံး ဖြစ်ရန် ကာကွယ်တားဆီးသွားမည်။
  • ပြည်သူလူထုနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆောင်ရွက်သူများအား ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေးလုပ်ငန်းစဥ်များတွင် ပူးပေါင်းပါ၀င်ခြင်း၊ သင်တန်းများကျင်းပခြင်းနှင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်နှင့် ဖေ့စ်ဘွတ်အကောင့်များတွင် သတင်းအချက်အလက်များအား စုစည်းတင်ပြခြင်းကို စဥ်ဆက်မပြတ် ဆောင်ရွက် သွားမည်။
  • ကျွန်ုပ်တို့၏ ၀န်ဆောင်မှုများဆိုင်ရာ ကတိက၀တ်များနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်၏ ထိရောက်မှုကို တိုးတက်စေရန် ကျွန်ုပ်တို့၏လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ရပ်ရွာဆက်သွယ်ရေးအရာရှိများနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်၊၊
my_MMMyanmar